မိတ္ထီလာမြို့နယ် ကျေးဇူးရှင် တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် " သရဏဂုံတည်ခြင်းအကျိုး "
သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်၊ ဘာမျှ မကုန်မခန်း မပင်မပန်းဘဲနဲ့လဲ သရဏဂုံတည်မှုကို ရနိုင်တယ်။ သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်...
၁။ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်း။
၂။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ တပည့်အဖြစ်ကို ခံယူခြင်း။
၎။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးခြင်း။
အဲဒီ(၄)ပါးအနက်မှ တပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။
လောကမှာ ဘုရား၊ တရား၊ သံဃာလို့ဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ် အမြင့်ဆုံး၊ အမြတ်ဆုံးဖြစ်တယ်။ အဲဒီ ရတနာသုံးပါးထက် မြင့်တာ၊ မြတ်တာ မရှိတော့ဘူး။ အဲဒီလို အထွတ်အထိပ် အမြင့်ဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား ( အတ္တသမံ ပေမံနိတ္တိ = မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့ မိမိ ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများတယ်။ ဒီအကြောင်းကို ... " အတ္တာနံ နိယျာတေတွာ ဒိန္နတ္တာ သရဏဂမနံ မဟပ္ဖလတရန္တိ ဝုတ္တံ" ဟု ဟောတော်မူတယ်။ အတ္တာနံ-မိမိတို့၏ ခန္ဓာကိုယ်ကို၊ နိယျာတေတွာ-အပ်နှင်း၊ ဒိန္နတ္တာ-ပေးလှူဒါန်းအပ်ပြီးသည် အဖြစ်ကြောင့်၊ ဣဒံသရဏံပမနံ-ဤသရဏဂုံ ခံယူဆောက်တည်မှုသည်၊ မဟပ္ဖလတရန္တိ-အလွန်အကျိုးကြီးမြတ်၏ဟု၊ ဝုတ္တံ-ဟောတော်မူအပ်၏။
အဓိပ္ပါယ်ကတော့... ရတနာသုံးပါးအား ယုံယုံကြည်ကြည်နဲ့ မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းတယ်ဆိုရင်ပဲ အဲဒီလို အပ်နှင်းလှူဒါန်းမှုကြောင့် ရရှိတဲ့အကျိုးဟာ အင်မတန်များတယ်။
အကျိုးများပုံကတော့- (ဟိ သတီတိ သရဏံ) လို့ ဟောကြားတော်မူချက်အရ သရဏဂုံဆိုတာ ဖိစီးနှိပ်စက်ဖျက်ဆီးတတ်တဲ့အတွက် သရဏဂုံလို့ ခေါ်တယ်။ ဘာကို ဖိစီးနှိပ်စက် ဖျက်ဆီးတတ်တုန်းဆိုတော့ ဘေးကို၊ ရန်ကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်းကို၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းကို၊ အပါယ်လေးပါးသို့လားခြင်းကို ဖိစီးနှိပ်စက် ဖျက်ဆီးတတ်တယ်။ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ သရဏဂုံတည်တဲ့သူရဲ့အပေါ်မှာ ကျရောက်ဆဲ၊ ကျရောက်လတ္တံသောဘေးကို ရန်ကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်းကို၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းကို၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟု ဆိုအပ်သော အပါယ်လေးပါးလားခြင်းကို တားမြစ်ဖိစီးဖျက်ဆီးတတ်တယ်။
ဒီမျှသာ မကသေးဘူး... နတ်ပြည်ကိုရောက်တဲ့အခါမှာလဲဘဲ သရဏဂုံတည်တဲ့နတ်နဲ့၊ သရဏဂုံ မတည်တဲ့နတ်ဟာ မတူဘူး၊ ကွာခြားတယ်။ ဘာလိုကွာခြားတုံးဆိုတော့ သရဏဂုံတည်တဲ့နတ်က သရဏဂုံမတည်တဲ့နတ်များထက် ဆယ်ပါးသော အကြောင်းအရာတွေမှာ ပိုလွန်တယ်။ ဆယ်ပါးသောအကြောင်းအရာဆိုတာ ဘာတွေလဲဆိုတော့...
" ဒိဗ္ဗေန အာယုနာ ဝဏ္ဏေန
သုခေန ယသေန အာဓိပတေယျေန
ဒိဗ္ဗေဟိ ရူပေဟိ သဒ္ဒေဟိ
ဂန္နေဟိ ရသေဟိ ဖောဌဗ္ဗေဟိ။ "
ဆိုတဲ့ ပါဠိတော်အရ နတ်တို့၏ အသက်ရှည်ခြင်းမှာလဲ ပိုလွန်တယ်၊ အဆင်းလှခြင်းမှာလဲ ပိုလွန်တယ်၊ ချမ်းသာခြင်းမှာလဲ ပိုလွန်တယ်၊ အခြွေအရံများခြင်းမှာလဲ ပိုလွန်တယ်၊ အစိုးရခြင်းမှာလဲ ပိုလွန်တယ်။ နောက်ပြီး နတ်တို့၏ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟု ဆိုအပ်သော အာရုံငါးပါးမှာလဲ ပိုလွန်တယ်။ သရဏဂုံမတည်တဲ့နတ်များထက် တည်တဲ့နတ်များက ဆိုခဲ့တဲ့အကြောင်းအရာတွေမှာ ပိုလွန်တယ်။
ဒါတင်လားဆိုတော့ မဟုတ်သေးဘူး-
"ဧတံ ခေါ သရဏံ ခေမံ၊
ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာကမ္မ၊
သဗ္ဗာ ဒုက္ခာ ပမု စတိ။"
လို့ ဟောတော်မူတဲ့အတိုင်း သရဏဂုံဟာ ဘေးကင်းရန်ကင်းဖြစ်စေတယ်။ တရားကို အထူးအားမထုတ်ရဘဲနဲ့ သရဏဂုံတည်ရုံမျှနဲ့ မဂ်ကို ရနိုင်တယ်။
သာဓကဆောင်ရရင်- ဘုရားရှင်လက်ထက်တော်အခါက ဘုရားရှင်၏ ဆွေတော်မျိုးတော်ထဲမှ တစ်ယောက်သောသူဟာ သရဏဂုံတည်တဲ့အတွက် သူ့ကို သရဏ ဥပါသကာလို့ ခေါ်ကြသတဲ့။ အဲဒီ သရဏ ဥပါသကာဆိုတာ သေအရက်ကို အင်မတန်သောက်တဲ့သူဘဲ။ သောက်ဆို သေခါနီးဆဲဆဲတိုင်အောင် သောက်တယ်။ အဲဒီ သရဏဥပါသကာ သေသွားတော့ ဘုရားရှင်က နတ်ပြည်ကို ရောက်တယ်လို့ ဟောတော်မူတယ်။ အဲဒီတော့ ဘုရားရှင်၏ ဆွေတော်မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြတယ်။ ဘယ်လိုကဲ့ရဲ့ပြစ်တင်ကြတုံးဆိုတော့ "ဒီသေသောက်ကြူးဟာ လူမှန်းသူမှန်း သိကတည်းက သေသည်အထိ အရက်ကို မပြတ်သောက်လာတာဘဲ။ နတ်ပြည်ကို ရောက်နေတယ်ဆိုတာ ဒို့တော့မယုံဘူး" လို့ သူတို့ စုမိတိုင်း၊ စည်းဝေးမိတိုင်း ပြောကြ ဆိုကြ အပြစ်တင်ကြတယ်။ ဒါနဲ့ မဟာနာမ်မင်းက ကြားတော့ ဘုရားရှင်ထံသွားပြီး "အရှင်ဘုရား... အရှင်ဘုရားရဲ့ ဆွေတော်မျိုးတော်တွေက အရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်နေကြပါတယ်"လို့ လျှောက်ထားတယ်။ ဘုရားရှင်က "ဘာကြောင့်တုံး" လို့မေးတော်မူတော့ မဟာနာမ်မင်းက "ဒီ သေသောက်ကြူးဟာ လူမှန်းသူမှန်းသိတဲ့အခါကစပြီး သေခါနီးဆဲဆဲတိုင်အောင် သေအရက်ကို သောက်လာခဲ့တယ်။ သူသေတော့ နတ်ပြည်ကို ရောက်တယ်လို့ အရှင်ဘုရား ဟောတာကို ဘယ်သူမှ မယုံကြဘူး ဘုရား"လို့ လျှောက်ထားတယ်။ ဒီတော့ ဘုရားရှင်က "အေး.. သေတာနဲ့တပြိုင်နက် သူဟာ သောတာပန်ဖြစ်သွားတယ်။ သေရည်၊ သေရက်သောက်တဲ့ အကုသိုလ်ကံဟာ သူ့ကို မတားမြစ်နိုင်ဘူး။ ဘာကြောင့်တုံးဆိုတော့ ဘုရား၊ တရား၊ သံဃာ ဟုဆိုတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ ရတနာသုံးပါးကို အသက်စွန့် ယုံကြည်ခြင်းငှါ စွမ်းနိုင်တဲ့ အဝေစပသာဒဟု ဆိုအပ်တဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း... ဒီအကြောင်းများကြောင့် သေရည် သေရက် သောက်တဲ့ အကုသိုလ်ကံဟာ သူ့ကို မတားမြစ်နိုင်ဘူး" လို့မိန့်ကြားတယ်။
သူက ရတနာသုံးပါးကို ဘယ်လို အသက်စွန့်ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်သလဲဆိုတော့... ဥပမာ သရဏ ဥပါသကာကို တဖက်သားက "သရဏဥပါသကာ... သင်ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးလို့ ပြောရင်ပြော၊ မပြောရင် သင့်ဦးခေါင်းကိုဖြတ်မယ်"... လို့ ဆိုခဲ့ရင်... သရဏဥပါသကာက "ဖြတ်ချင်ဖြတ်ပါ။ ငါ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးလို့ မပြောဝံ့ဘူး" လို့ ပြန်ပြောနိုင်စွမ်းတယ်။
လာဘ်ကိုစွန့်ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ရှိရင်လဲဘဲ တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရား ဖိုလ်တရားကို ရနိုင်တယ်။ ပုံစံပြရရင် သူဆင်းရဲတစ်ယောက်ဟာ အင်မတန်ဆင်းရဲလှတဲ့အတွက် လှည့်လည်ပြီး တောင်းစားနေရတယ်။ အဲဒီလောက် ဆင်းရဲနေရတဲ့အထဲမှာပင် သူ့မှာ နူနာရောဂါက စွဲကပ်နေရှာသေးတယ်။ အဲဒီတော့ တဖက်သားက သူ့ကို "အင်မတန် ဆင်းရဲတဲ့အတွက် သင့်မှာ လှည့်လည်တောင်းစားနေရတယ်။ ဒီအပေါ်မှာ နူနာရောဂါက စွဲကပ်နေရှာသေးတယ်။ တသက်လုံး သုံးစားမကုန်အောင် ရွှေငွေရတနာတွေ သင့်ကိုပေးမယ်၊ သင့်အနာရောဂါလည်း ပျောက်ကင်းစေမယ်၊ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးလို့ပြော" အဲဒီလို ပြောတဲ့အခါမှာ ထိုသူက "သင်ပေးတဲ့ ရွှေငွေတွေကိုလည်း ငါအလိုမရှိဘူး၊ ငါ့အနာရောဂါလည်း ပျောက်လိုပျောက်၊ မပျောက်လိုလဲ နေပါစေ၊ ငါဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးလို့ မပြောဝံ့ဘူး" လို့ ပြန်ပြောနိုင်စွမ်းရှိတယ်။ အဲဒီလို လာဘ်ကိုစွန့်ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ရှိရင်လဲဘဲ တရားကို အားမထုတ်ဘဲနဲ့ မဂ်တရားကို ရနိုင်တယ်။
အဲဒါကြောင့် အင်မတန်စွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးကို ဘုရားရှင်က ဤသို့ဟောကြားတော်မူခဲ့တယ်-
"ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။"
အဓိပ္ပာယ်ကတော့- မိမိ၏ အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတတ်တဲ့ အာသာကိုလည်း စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာသာယာမက်မောတတ်တဲ့ အာသာကိုလဲ စွန့်နိုင်ခဲတယ်။ အဲဒီလို စွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတို့တွင် တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ရှိရင် တရားကို အားမထုတ်ဘဲနဲ့ မဂ်တရား ဖိုလ်တရားကို ရနိုင်တယ်။
အကြင်သူတို့သည် ငါဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ကြကုန်၏။ ထိုသူအားလုံးသည် သောတာပန်တို့သာတည်း။
အထက်ကဆိုခဲ့တဲ့ ပုဂ္ဂိုလ်များဟာ ရတနာသုံးပါးအပေါ်မှာ ပဌမတန်း ယုံကြည်ခြင်းကိုထားရှိတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ ဒုတိယတန်းစား ပုဂ္ဂိုလ်များလဲ ရှိသေးတယ်။ ဝတ္ထုတစ်ခုကို ဆောင်ပြရရင်... ဒီကမ္ဘာမှ နောက်ကို ပြန်ရေတွက်လိုက်သည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာထက်မှာ ဝိပဿီဘုရားရှင်ဆိုတာ ပွင့်တော်မူတယ်။ ထိုဘုရားရှင် ပွင့်တော်မူစဉ်အခါက လူအသက်ဟာ တသိန်းတန်းဖြစ်လို့ အင်မတန် အသက်ရှည်တယ်။ သရဏဂုံဟာ ကြာကြာတည်လေလေ ကောင်းလေလေဘဲ။ ထိုအခါ သူဆင်းရဲတစ်ယောက်ဟာ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးနေရတယ်။ အဲ ထိုသူဆင်းရဲဟာ ဆင်းရဲလွန်းလှလို့ ဘာမျှ မလှူရ၊ မတန်းရ၊ ရဟန်းလဲ မပြုရ၊ သီလလဲ မဆောက်တည်ရရှာဘူး။ ဒီအတွက် သူဟာ စိတ်နှလုံး မသာမယာဖြစ်နေခဲ့ရတယ်။ ထိုအတွင်း ရဟန်းတပါးကြွလာပြီး သရဏဂုံပေးလို့ သရဏဂုံကို ဆောက်တည်ရတယ်။ သူသေသည်၏ အခြားမဲ့မှာ နတ်ပြည်ကိုရောက်သွားတယ်။ သိကြားမင်းအဖြစ်ချည်းဘဲ ဆက်ကာဆက်ကာ ဖြစ်ရတာ အကြိမ်ပေါင်း ရှစ်ဆယ်။ အဲဒီ သိကြားမင်းအဖြစ် အကြိမ်ပေါင်းရှစ်ဆယ်စေ့လို့ နတ်ပြည်က စုတေပြီး လူပြည်ကိုရောက်လာတဲ့အခါကျတော့လဲ လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းအဖြစ်က ခုနစ်ဆယ့်ငါးကြိမ်။ ဒီ့နောက် ပဒေသရာဇ်၊ ဧကရာဇ်မင်း အသီးသီးအဖြစ်က ကိုးဆယ့်တစ်ကမ္ဘာပတ်လုံး အရေအတွက် အပိုင်းအခြားမရှိဘူး။ အပါယ်လေးပါးကိုလဲ တခါတခေါက်မှ မရောက်ရဘူး။ အဲဒီလို မြင့်မြတ်တဲ့ဘဝမှ မြင့်မြတ်တဲ့ဘဝတွေနဲ့ချည်း လှည့်ပတ်လျှောက်ဖြစ်ပြီး ဒို့ဘုရားရှင်ပွင့်တော်မူတဲ့အခါကျတော့ ခုနစ်နှစ်သားအရွယ်နဲ့ဘဲ ရဟန္တာဖြစ်ရတယ်။ အဲဒီ ရဟန္တာကလေးကလဲ သရဏဂုံရဲ့ အကျိုးများတဲ့အကြောင်းကို ဟောပြတယ်။ ဘုရားရှင်ကလည်း ဟောကြားတော်မူတယ်။ ဒါဟာ ဒုတိယတန်းစား ယုံကြည်ချက်ရတဲ့ ပုဂ္ဂိုလ်ရဲ့ အကြောင်းဘဲဖြစ်တယ်။
တတိယတန်းစား ယုံကြည်ချက်ရတဲ့ ပုဂ္ဂိုလ်မျိုးကိုဖော်ပြရရင် တစ်ခါတုန်းက ဒမိဠ ဒါယကာဆိုတာရှိတယ်။ အဲဒီသူဟာ အနှစ်ငါးဆယ်ပတ်လုံး တံငါအလုပ်နဲ့ဘဲ အသက်မွေးနေရတယ်။ အနှစ်ငါးဆယ်စေ့တော့ တစ်စုံတစ်ခုဝေဒနာစွဲကပ်လို့ အိပ်ရာက မထနိုင်တော့ဘူး။ သူ့ဒကာမကဘဲ သူ့ကို ခြေဆုပ်လက်နယ်ပြုလုပ်နေရတယ်။ ထိုစဉ်အခါ ရဟန်းတစ်ပါးကြွလာတယ်။ ဒီတော့ သူ့ဒကာမက "သခင်... ဟိုမှာ ရဟန်းတစ်ပါးကြွတော်မူလာတယ်" လို့ ပြောတယ်။ ဒမိဠ ဒါယကာမ "ရှင်မ...အနှစ်ငါးဆယ်ရှိပြီ။ ငါဟာ ဒီရဟန်းကို မမြင်ဖူးဘူး၊ သူကလဲ ငါ့ကို မမြင်ဖူးဘူး၊ သူ့ကျေးဇူးလဲ ငါ့အပေါ်မှာ မရှိဖူးဘူး၊ ငါ့ကျေးဇူးလဲ သူ့အပေါ်မှာ မရှိဖူဘူး" လို့ ရဟန်းတာကို ပြောလိုက်ပါလို့ ခိုင်းတယ်။ သူ့ဒကာမက ဟိုကျတော့ သူခိုင်းသလိုမပြောဘဲနဲ့ "ကန်တော့ဆွမ်းပါဘုရား" လို့ ရဟန်းတာကို လျှောက်ထားတယ်။ အဲဒီတော့ ရဟန်းတော်က "ဒါယကာ ဘယ့်နှယ်နေတုန်း" လို့မေးတော်မူတယ်။ ဒကာမက "ဒါယကာတော့ အလွန်အားနဲနေပါတယ်ဘုရား။ ဒီဝေနာက ထမြောက်မှာမဟုတ်ပါဘူးဘုရား" လို့ ပြန်လျှောက်ထားတယ်။
အဲဒီတော့ ရဟန်းတော်လဲ ဒါယကာရဲ့အနားသို့ကြွသွားပြီး အင်ပျဉ်ပေါ်မှာထိုင်ကာ "ဒါယကာ သီလများ မဆောက်တည်ချင်ဘူးလား" လို့ မေးတယ်။ ဒါယကာက "ဆောက်တည်ပါ့မယ်" လို့ ပြန်လျှောက်တယ်။ ဒါနဲ့ ရဟန်းတော်က ဒါယကာကို သရဏဂုံနဲ့တကွ ငါးပါးသီလကိုပေးတယ်။ ဒီလိုပေးပေမဲ့လဲ ငါးပါးသီလခံယူရတဲ့အထိမရောက်တော့ဘူး။ သရဏဂုံဆုံးတဲ့အခါတွင်ဘဲ ဒါယကာဟာ မေ့မျောနစ်မွန်းပြီး သေသွားတယ်။ အဲ-သေသည်၏ အခြားမဲ့မှာတော့ ဒါယကာဟာ နတ်ပြည်ကိုရောက်သွားတယ်။ နတ်ပြည်ကိုရောက်တဲ့အခါကျတော့ "ငါဘာကြောင့် နတ်ပြည်ကိုရောက်ပါလိမ့်" လို့ စူးစမ်းဆင်ခြင်ကြည့်တယ်။ ထိုအခါ ရဟန်းတော်ထံမှ ခံယူဆောက်တည်ရတဲ့ သရဏံဂုံရဲ့အကျိုးကို တွေ့မြင်ရတယ်။ "အော်... ဒီရဟန်းတော်ရဲ့ကျေးဇူးဟာ တယ်များပြားပါကလား။ ငါဟာ သရဏဂုံဆောက်တည်ရတာနဲ့ဘဲ နတ်ပြည်ကိုရောက်ရတယ်။ လူ့ပြည်ဆင်းပြီး ရဟန်းတော်ကို ဖူးမြော်ကန်တော့မယ်" လို့ စိတ်ကူးပြီး လူ့ပြည်သို့ဆင်းသက်ကာ ရဟန်းတော်ကို ရှိခိုးကန်တော့တယ်။ ဒီတော့ ရဟန်းတော်က "သင်ဘယ်သူတုံး" လို့ မေးတယ်။ "တပည့်တော် အရှင်ဘုရားသရဏဂုံချီးမြှင့်လိုက်တဲ့ ဒမိဠဒါယကာပါဘုရား" လို့ လျှောက်တယ်။ ရဟန်းတော်က "သင်ယခုဘယ်ရောက်နေတုံး" လို့မေးတယ်။ "တပည့်တော် စတုမဟာရာဇ်နတ်ဘုံ ရောက်နေပါတယ်ဘုရား၊ ယခုလို ရောက်ရခြင်းဟာ အရှင်ဘုရားပေးတော်မူတဲ့ သရဏဂုံမျှကို ခံယူဆောက်တည်မိလို့ပါဘဲ၊ အရှင်ဘုရား ဆက်လက်ပေးတော်မူတဲ့ ငါးပါးသီလအထိ တပည့်တော်မသေဘဲ ခံယူဆောက်တည်ခွင့်သာ ရခဲ့ပါရင် အထက်အထက်နတ်ဘုံကိုပင် ရောက်နိုင်လောက်ပါတယ်ဘုရား၊ အရှင်ဘုရားရဲ့ ဂုဏ်ကျေးဇူးဟာ တပည့်တော်အပေါ်မှာ အင်မတန်များလှပါတယ်ဘုရား" လို့ ပြန်လျှောက်ထားတယ်။
အဲဒီ ဒမိဠနတ်သားရဲ့ ကျေးဇူးတင်စကားနဲ့ဆက်စပ်ပြီး ပြောလိုတာက သရဏဂုံပေးတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန်များပြားတာ အမှန်ဘဲ။ လောကမှာ ဘုရား၊ တရား၊ သံဃာ၊ အမိအဘ၊ ဆရာရယ်လို့ အနန္တကျေးဇူးရှင် ငါးပါးရှိတယ်။ အဲဒီငါးပါးထဲမှာ တပါးအဝင်ဖြစ်တဲ့ ဆရာဟာ ဘယ်လိုဆရာမျိုးလဲလို့ဆိုရင်...
"သရဏဒါယကော၊ သောတာပတ္တိမဂ္ဂ
သမ္ပပကော၊ အရဟတ္တ မဂ္ဂသမ္ပာ
ပကောတိ တယော အာစရိယာ ဗဟု
ပကာရာတိ အာဂတာ" ဟူသော ဘုရားဟော ဒေသနာတော်အရ
(၁) သရဏဂုံပေးတဲ့ဆရာ
(၂) သောတာပတ္တိမဂ်ကိုရအောင် ထုတ်စေတဲ့ဆရာ
(၃) အရဟတ္တမဂ်ကိုရအောင် အားထုတ်စေတဲ့ဆရာ
အဲဒီ ဆရာသုံးမျိုးဟာ အင်မတန်ဂုဏ်ကျေးဇူးများတဲ့အတွက် အနန္တကျေးဇူးရှင်ဂိုဏ်းဝင်ဆရာတွေဖြစ်တယ်လို့ မှတ်သားအပ်တယ်။ ဒါတင်မကသေးဘူး...
"ပဗ္ဗဇ္ဖဒါယကော၊ ဗုဒ္ဓဝစနဒါယကော၊
ကမ္မဝါစာဝရိယော၊ သကဒါဂါမိမဂ္ဂ သမ္ပာ
ပကော၊ အနာဂါမိမဂ္ဂသမ္ပာပကောတိ၊
ဣမေ အာစရိယာ နအာ ဂတာ"
ဟူသော ပညာရှင် သူတော်စင်တို့ရဲ့ မိန့်ဆိုချက်အရ -
(၁) ရှင်သာမဏေ စ၍ပြုပေးတဲ့ဆရာ၊
(၂) ဘုရားရှင်ရဲ့ တရားတော်ကို ဟောပြောပြသတဲ့ဆရာ၊
(၃) သကဒါဂါမိမဂ်ကို ရအောင် အားထုတ်စေတဲ့ဆရာ၊
(၄) အနာဂါမိမဂ်ကို ရအောင် အားထုတ်စေတဲ့ဆရာ၊
အဲဒီဆရာငါးမျိုးဟာလဲ အင်မတန်ဂုဏ်ကျေးဇူးများတဲ့အတွက် အနန္တကျေးဇူးရှင်ဂိုဏ်းဝင် ဆရာတွေလို့လဲ မှတ်ယူအပ်တယ်။ ဒါကတော့ စကားအလျဉ်းသင့်လို့ ထည့်သွင်းဟောလိုက်ခြင်းဖြစ်တယ်။
သရဏဂုံအကြောင်းပြန်ဆက်ရရင် သရဏဂုံဟာ အထက်ကပြဆိုခဲ့တဲ့အတိုင်း၊ အလွန်ဆိုးသွမ်းတဲ့သူတွေအတွက်တောင်မှဘဲ အထူးအားကိုးစရာ၊ အထူးမှီခိုစရာဖြစ်တယ်။ မကောင်းကျိုးကို တားဆီးပြီး၊ ကောင်းကျိုးကိုပေးတယ်။ ဒါကြောင့် သရဏဂုံကို ကလေးသူငယ်ကစပြီး လူတိုင်းလူတိုင်း ခံယူတည်ဆောက်သင့်တယ်။ သရဏဂုံကို မိမိကိုယ်တိုင်က ယုံယုံကြည်ကြည် မခံယူမဆောက်တည်လျှင် ဘယ်ပုဂ္ဂိုလ်ကဘဲ သရဏဂုံကို မရနိုင်ဘူး။ ယုံယုံကြည်ကြည် ခံယူဆောက်တည်မှသာ ရနိုင်တယ်။ စေတီ၊ ပုထိုး၊ ဘုရား၊ ဆင်းတု စသည်မှာဘဲဖြစ်ဖြစ်၊ ရဟန်းတော်တပါးပါးထံမှာဘဲဖြစ်ဖြစ်၊ မိမိအလျောက်ဘာသာဘဲဖြစ်ဖြစ်၊ ယုံယုံကြည်ကြည် ခံယူဆောက်တည်လျှင် သရဏဂုံကို ရနိုင်တာချည်းပဲ။ သရဏဂုံကို တစ်ကြိမ်တစ်ခါ ခံယူဆောက်တည်လိုက်သည်ဆိုမှဖြင့် တစ်သက်လုံး သရဏဂုံတည်နိုင်တယ်။ ရတနာသုံးပါးကို အထွတ်အမြတ်ဆုံးဟု ယုံကြည်၍ သိ၍ ငါ့ရဲ့ ကိုးကွယ်ရာဘဲလို့၊ စိတ်၌ ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာဘဲ။ ထိုစိတ်ကိုမစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကိုစွန့်၍ အခြားဘာသာထဲသို့ မဝင်သမျှကာလပတ်လုံး၊ သရဏဂုံမပျက်ဘဲ ဆက်လက်တည်နေတယ်။ ကာလရှည်ရှည် သရဏဂုံတည်လေ အကျိုးများလေလေဘဲ။ ဒါကြောင့် ဤအကျိုးများလှတဲ့ သရဏဂုံကို တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန် တိုက်တွန်းလိုတယ်။
Tuesday, September 14, 2010
ဆွမ်းလှူရသော အကျိုးတရား(၅)ပါး
၁။ အာယုံ ဒေတိ - အသက်ကို ရှည်စေ၏၊
၂။ ဝဏ္ဏံ ဒေတိ - အဆင်းကို လှစေ၏၊
၃။ သုခံ ဒေတိ - ချမ်းသာခြင်းကို ဖြစ်စေ၏၊
၎။ ဗလံ ဒေတိ - ခွန်အားကို ဖြစ်စေ၏၊
၅။ ပဋိဘာနံ ဒေတိ - ဥာဏ်ပညာကို တိုးပွားစေ၏။
၂။ ဝဏ္ဏံ ဒေတိ - အဆင်းကို လှစေ၏၊
၃။ သုခံ ဒေတိ - ချမ်းသာခြင်းကို ဖြစ်စေ၏၊
၎။ ဗလံ ဒေတိ - ခွန်အားကို ဖြစ်စေ၏၊
၅။ ပဋိဘာနံ ဒေတိ - ဥာဏ်ပညာကို တိုးပွားစေ၏။
မေတ္တာအကျိုး(၁၁)မျိုး
၁။ ချမ်းသာအိပ်စက်၊
၂။ ချမ်းသာလျက်နိုး၊
၃။ အိမ်မက်ဆိုးကင်း၊
၎။ စောင့်ခြင်းနတ်များ၊
၅။ လူသားလည်းချစ်၊
၆။ နတ်လည်းချစ်လျက်၊
၇။ လက်နက်ဆိပ်မီး၊ ပြီးသည့်တစ်ဖြာ၊
၈။ မျက်နှာရွှင်ကြည်၊
၉။ တည်ကြည်နှလုံး၊
၁၀။ သေဆုံးမတွေ၊
၁၁။ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာသည်၊
မေတ္တာအကျိုး (၁၁) မျိုးတည်း။
၂။ ချမ်းသာလျက်နိုး၊
၃။ အိမ်မက်ဆိုးကင်း၊
၎။ စောင့်ခြင်းနတ်များ၊
၅။ လူသားလည်းချစ်၊
၆။ နတ်လည်းချစ်လျက်၊
၇။ လက်နက်ဆိပ်မီး၊ ပြီးသည့်တစ်ဖြာ၊
၈။ မျက်နှာရွှင်ကြည်၊
၉။ တည်ကြည်နှလုံး၊
၁၀။ သေဆုံးမတွေ၊
၁၁။ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာသည်၊
မေတ္တာအကျိုး (၁၁) မျိုးတည်း။
စာမေးပွဲအောင် ရာထူးတိုး ဈေးရောင်းကောင်း အတိုက်အခိုက်ကင်းဝေး လိုတရ က္ကစ္ဆာသယ (တန်ပြန်) ဂါထာတော်ကြီး
ပထမံ သကလက္ခဏ မေကပဒံ
ဒုတိယာဒိပဒဿ နိဒဿနတော။
သ-မ-နိ၊ ဒု-နိ-မာ၊ သ-မ-ဒူ။
သ-နိ-ဒူ၊ ကမတော ဝိဘဇေ၊
ပထမေန ဝိနာ။
အသက်အန္တရာယ် မငြိစေသော ဂါထာတော်ကြီး
( ဘုရားဟောဖော် ပါဠိတော် မူရင်း )
အဌာနမေတံ ဘိက္ခဝေ
အနဝကာသော၊
ယံပရူပက္ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗာယန္တိ။
( မြန်မာအသံထွက်ရွတ်ဖတ်ရန် )
အတ်ထာနမေတံ ဘိတ်ခဝေ
အနာဝကာသော၊
ယံပရူပက်ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ၊
အနုပက်ကမေန ဘိတ်ခဝေ
တထာဂတာ ပရိနိတ်ဗာယန်တိ။
အဌာနမေတံ ဘိက္ခဝေ
အနဝကာသော၊
ယံပရူပက္ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗာယန္တိ။
( မြန်မာအသံထွက်ရွတ်ဖတ်ရန် )
အတ်ထာနမေတံ ဘိတ်ခဝေ
အနာဝကာသော၊
ယံပရူပက်ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ၊
အနုပက်ကမေန ဘိတ်ခဝေ
တထာဂတာ ပရိနိတ်ဗာယန်တိ။
အကြပ်အတည်း အခက်အခဲမျိုးစုံတို့မှ လွတ်မြောက်စေနိုင်သော ဂါထာတော်ကြီး
( ဘုရားဟောဖော် ပါဠိတော် မူရင်း )
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊
ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပဋိပန္နောသ္မိ၊
တဿ မေ သရဏံ ဘဝ။
( မြန်မာအသံထွက် ရွတ်ဖတ်ရန် )
နမော တေ ဗုတ်ဓ ဝီရတ်ထု၊
ဝိတ်ပမုတ်တောသိ သတ်ဗဓိ။
သမ်ဗာဓပဋိပန်နောသမိ၊
တတ်သ မေ သရဏံ ဘဝ။
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊
ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပဋိပန္နောသ္မိ၊
တဿ မေ သရဏံ ဘဝ။
( မြန်မာအသံထွက် ရွတ်ဖတ်ရန် )
နမော တေ ဗုတ်ဓ ဝီရတ်ထု၊
ဝိတ်ပမုတ်တောသိ သတ်ဗဓိ။
သမ်ဗာဓပဋိပန်နောသမိ၊
တတ်သ မေ သရဏံ ဘဝ။
သီလကိုသာ အားကိုးပါ
သီလဆိုတာ ကိုယ်ကျင့်ကောင်းမှ၊
တောင်းတိုင်း တတိုင်းရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို၊
ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း၊
ဂုဏ်သတင်းလဲ သင်းပျံ့ကြွယ်။
ရောက်လေရာရာ ပွဲလယ်တင့်လို့
ရဲရင့်ရွှင်ပြ ခင်ကြမယ်။
သီလကောင်းကျိုး လွန်မြတ်နိုး၊
အားကိုးလောက်ပေတယ်။
အဲဒါကြောင့်... ကိုယ်ကျင့်သီလ၊
တည်ကြ မြဲကြကွယ်။
P.S .. ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးရှင် တောင်ပုလုကျောက်ဆင်တောရ ပခုက္ကူဆရာတော်ဘုရားမှ...
မြတ်လှပေစွာ့-ငါ့ဘဝ
၁။ ငါသည်မသေ နေရပေ၍။
စိန္တေထွဋ်ထား မြတ်ဘုရားနှင့်။
တရားသံဃာ ရတနာကို။
မကွာနေ့ည ဆည်းကပ်ရ၍။
ဝေယျာဝစ္စ ဟူသမျှကို။
စွမ်းအားရှိသမျှ ကျိုးစားရသည်။
့
၂။ ဒါနပေးလှူ ဖြူစင်သီလ-
ပွားထဘာဝနာ ဤသုံးဖြာလဲ။
ငါ့ဟာအထုပ် ငါ့အလုပ်မို့။
မယုတ်စေရ ဥသာဟာနှင့်။
လုလ္လကျိုးကုတ် လွန်အားထုတ်၍။
ဓမ္မရှာဖွေ နေရပေသည်။
မသေကျိုးနပ် ဖိုးမပြတ်အောင်။
မြတ်လှပေစွာ့ ငါ့ဘဝပါတကား။
Subscribe to:
Posts (Atom)